လူနေထူထပ်တဲ့ တာမွေမြို့နယ်အတွင်းမှာ နေထိုင်ချင်ပေမယ့် အခန်းကောင်းကောင်း ရှာဖို့ အတော်ခက်နေပြီဆိုရင်တော့ ရွှေအဉ္ဇလီကွန်ဒို (၂) ကို ရွေးချယ်ဝယ်ယူထားလိုက်ပါ။
ရွှေအဉ္ဇလီကွန်ဒို (၂) ဆိုတာ အနန္တဂုဏ်ရည်လမ်းနှင့် လယ်ယာရွှေမြေလမ်းထောင့်တွင် တည်ရှိပြီး ကွန်ဒိုအခန်းရှားပါးတဲ့ တာမွေမြို့နယ်အတွင်းမှာ 90% ကျော်ဆောက်လုပ်ပြီးစီးထားတဲ့ ရွှေအဉ္ဇလီကွန်ဒို (၂) က ရွေးချယ်စရာ အကောင်းဆုံးကွန်ဒိုတစ်ခုဖြစ်လာမှာ အသေအချာပါ။
အကောင်းဆုံးတွေကိုမှ ပိုင်ဆိုင်စေချင်လို့ အခုဆိုရင်တော့ New Home Realty နှင့် ၁၉၉၆ ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး ရွှေအဉ္ဇလီကွန်ဒို (၁) အပါအဝင် Project ပေါင်း (၃၀၀) ကျော် အောင်မြင်စွာ တည်ဆောက်ထားတဲ့ Einzali Phyo Construction တို့မှ ပြပွဲကို လာမည့် မတ်လ (၁၀-၁၁) နေ့တွင် ပူးပေါင်းကျင်းပပေးသွားတော့မှာပဲ ဖြစ်ပါတယ်။
အထူးပရိုမိုးရှင်းရရှိရန် ကြိုတင်စာရင်းပေးသွင်းလိုက်ပါ
ဝယ်ယူသူတိုင်းအတွက် အထူးအစီအစဉ်
► အထူးစျေးနှုန်း 1 Sqft 215,000 မှ စတင်ဝယ်ယူနိုင်ခွင့်
► ပထမဆုံးဝယ်ယူသူ (-) ဦးအတွက် အထူး Discount
► (၁) ခန်းဝယ် ကားပါကင် (၁) စီးစာရရှိမည်။
► အဆင်ပြေလွယ်ကူတဲ့ ငွေပေးချေမှုများနဲ့ ဝယ်ယူနိုင်ခွင့်
– Developer နှင့်တိုက်ရိုက်ညှိနှိုင်းအရစ်ကျ ဝယ်ယူမည်။
– 50% Bank Transfer ဖြင့် ဝယ်ယူနိုင်မည်။
– ဘဏ် (၁၅) နှစ်အရစ်ကျ စနစ်ဖြင့်ဝယ်ယူနိုင်မည်။
🟨ရွှေအဉ္ဇလီကွန်ဒို (၂) အသေးစိတ်အချက်အလက်များ
– ဂရန်မြေပေါ်တွင် တည်ဆောက်ထားပြီး မကြာခင် BCC ကျတော့မည့် အရည်သွေးအကောင်း ကွန်ဒိုဖြစ်သည်။
– ထောင့်တိုက် ကွန်ဒိုဖြစ်တာကြောင့် လေဝင်လေထွက် အလင်းရောင် ကောင်းမွန်စွာရရှိသည့် ကွန်ဒိုဖြစ်သည်။
– အခန်းပေါင်း (၅၀)ကျော်ပါရှိပြီး အခန်းအားလုံး အဆင်သင့်နေထိုင်နိုင်ရန်ပြင်ဆင်ပေးမည်။
– 1100 Sqft မှ 2010 Sqft အထိကျယ်ဝန်းတဲ့ အခန်းအမျိုးအစား များစိတ်ကြိုက်ရွေးချယ် ဝယ်ယူနိုင်မည်။
– Master bedroom, Single bedroom, Kitchen & Dining, Living room စသည့်အခန်းများဖွဲ့စည်းပေးသွားမည်။
– Kitchen room မီးဖိုခုံ counter, steel basin, Upper cabinet & lower cabinet, Kitchen hood, ကြမ်းခင်းကြွေပြားပါရှိပါမည်။
– Dry area များကို ကျွန်းပါကေး နှင့် Bath & WC room နှင့် ဝရန်တာ တို့တွင် ကြွေပြားခင်းပေးမည်။
– Otis Brand ဓါတ်လှေကား (၂) စီး၊ Transformer, Generator (lift & public area lighting) ပါဝင်သည်။
– Ground Floor နှင့် Basement တွင် ကားပါကင်နှစ်ထပ်ထည့်သွင်းတည်ဆောက်ထားသည်။
– လုံခြုံရေးအတွက် 24 hours CCTV & security နှင့် လိုအပ်တာတွေဝယ်ယူဖို့ Convenience store ပါရှိမည်။
🟨ကွန်ဒို တည်နေရာ အနီးအနားတွင်
► ကျိုက္ကစံလမ်း ၊ သမိန်ဗရမ်းလမ်း ၊ အရှေ့မြင်းပြိုင်ကွင်းလမ်း ၊ လေးထောင့်ကန်လမ်းမကြီးတွေကြားမှာ တည်ရှိလို့ အချက်အချာကျပြီး
► Aryu International Hospital၊ရွှေဗဟိုဆေးရုံ၊တာမွေ Ocean Centre၊ILBC ကျောင်း၊ ကျိုက္ကဆံ SuperOne၊ Orange Supermarket၊ ရာပြည့်စျေး၊ အခွန်လွတ်စျေးနှင့် 24 Hours Mini Mart များ အနီးနားတွင် တည်ရှိပါသည်။